စပါးအထွက်တိုးစေရေး ကောက်စိုက်စက်ဖြင့် စနစ်တကျ မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ယင်းမာပင်၌ ကျင်းပ
ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ADSP အစီအစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၈ နာရီက ငါးမောင်းကျေးရွာတောင်သူ ဦးမောင်နိုင်၏ လယ်ကွက်၌ပြုလုပ်သည်။







