ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရှစ်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံး
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တိုက်ခတ်ခဲ့သည့် အပူပိုင်း မုန်တိုင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူရှစ်ဉီး သေဆုံးခဲ့ပြီး နှစ်ဉီး ဒဏ်ရာရရှိကာ တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။








