အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင် တွေ့ရှိ

အိန္ဒိယနိုင်ငံတွင် ယနေ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၃၈၅၃၄၀၆ ဉီးအထိ ရှိလာခဲ့ပြီး သေဆုံးသူပေါင်း ၆၇၃၇၆ ဉီး ရှိကြောင်း အိန္ဒိယနိုင်ငံ ကျန်းမားရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။
မေဆက်တိုင်ဖွန်း တိုက်ခတ်အပြီး ဘူဆန်မြို့မှာ ရှင်းလင်းရေး ဆောင်ရွက်
ကိုရီးယား ကျွန်းဆွယ်ကို ဖြတ်ကျော် တိုက်ခတ်တဲ့ မေဆက်တိုင်ဖွန်း မုန်တိုင်းကြောင့် တောင်ကိုရီးယား နိုင်ငံမှာ အနည်းဆုံး ၁ ဦး သေဆုံးပြီး လူပေါင်း ၂,၀၀၀ ကျော် ယာယီ ကယ်ဆယ်ရေး  စခန်းတွေမှာ ရွှေ့ပြောင်း နေထိုင်ရကြောင်း တာဝန်ရှိသူတွေက ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
ပီရူးနိုင်ငံက နိုင်ငံတကာ လေကြောင်းလိုင်းတွေ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပျံသန်းမယ်
ပီရူးနိုင်ငံက နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ပျံသန်းမှာ ဖြစ်သလို  နယ်စပ်ဂိတ်တွေကို အဲဒီနေ့မှာပဲ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာသွားပါတယ်။
ဘရာဇီး အကျဉ်းထောင်များနှင့် လူငယ်ထိန်းသိမ်းရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါလျင်မြန်စွာ ကူးစက်လျက်ရှိ
ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင်များနှင့် လူငယ်ထိန်းသိမ်းရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး ---------
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ချိရန်အတွက် ပြင်ဆင်ထားရန် CDC ညွှန်ကြား
အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက အလားအလာ ကောင်းသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်တွင် အသင့်ဖြစ်နေရန် ပြည်နယ်အစိုးရများအား ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။