ဗြိတိန်ရေနံတင်သင်္ဘောကို  အီရန် ဖမ်းဆီးရန် ကြိုးစား    

အီရန်တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့လှေများ က Hormuz ရေလက်ကြားအနီးရှိ ဗြိတိန်ရေနံတင်သင်္ဘော တစ်စင်းကို ချဉ်းကပ်ပြီး  ဖမ်းဆီးရန်  ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများပြောကြားချက်ကို ကိုးကားပြီး အမေရိကန်ရုပ်သံဌာန CNN နှင့် အခြားသတင်းဌာနများက ဖော်ပြထားသည်။
အီရန် ယူရေနီယံ သန့်စင်မှု ကန့်သတ်ချက်ထက်ကျော်လွန်ကြောင်း IAEA အတည်ပြု
အီရန်နိုင်ငံ၏ နျူကလီးယားကြီးထွားလာမှုကိစ္စနှင့် ပတ်သက်ပြီးဆွေးနွေးရန် ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း၏ အရေးပေါ်ဘုတ်အဖွဲ့ အစည်းအဝေးတစ်ခု၌ အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့၏ ကိုယ်စားလှယ်များ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။
ပါကစ္စတန်တွင် ရထားချင်းတိုက်မိရာ လူ ၁၀ ဦးသေ၊ ၅၀ ဒဏ်ရာရ
ယနေ့နံနက်ပိုင်းက ပါကစ္စတန်အရှေ့ပိုင်း Rahim Yar Khan မြို့တွင် ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ တိုက်မှုဖြစ်ပွားခဲ့ရာ ၁၀ဦးသေဆုံးခဲ့ပြီး အခြားသူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့သည်။ 
ဂရိမြောက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဂရိနိုင်ငံမြောက်ပိုင်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီပြီ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံနှင့်ဝန်ကြီးချုပ်ကို ထရန့် ကမလေးမစားလုပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြောကြား
ဝါရှင်တန်ရှိ အမေရိကန်ဆိုင်ရာဗြိတိန်သံရုံး အီးမေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သူ့အစိုးရဖွဲ့ကို  ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ အဲဒီအီးမေးလ်ဟာ ထရန့်ရဲ့ ဗြိတိန်ခရီးစဉ်အပြီး တစ်လလောက်အကြာမှာ ပေါက်ကြားခဲ့ပါတယ်။
မွန်ဂိုလီးယားတွင် မိုးကြိုးပစ်ခြင်းကြောင့် ကျွဲနွားတိရစ္ဆာန် ၇၀ဝ ကျော်သေဆုံး
မွန်ဂိုလီးယားနိုင်ငံ အနောက်အလယ်ပိုင်းတွင် မိုးကြိုးပစ်ခံရပြီးနောက် ကျွဲနွားတိရစ္ဆာန်ကောင်ရေပေါင်း ၇၃၈ ကောင်ထက်မနည်း သေဆုံးခဲ့ကြောင်း Arkhangai ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးရာဌာနက ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ဟောင်း Ross Perot  ၈၉ နှစ် ကွယ်လွန်
အမေရိကန်နိုင်ငံ၏ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် နှစ်ကြိမ်နှင့် ဘီလျံနာသူဌေး ဖြစ်သူ Ross Perot သည် အသက် ၈၉ နှစ်အရွယ်တွင် သေဆုံးခဲ့သည်။  Ross Perot သည်  ကွန်ပျူတာလုပ်ငန်း လုပ်ဆောင်သော စီးပွားရေးသမားတစ်ဦး ဖြစ်သည်။