အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်သဖြင့် လူ ၃၀ ကျော်သေဆုံး၊ ဒဏ်ရာရသူ အများအပြားရှိ
အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာ ပရာဒက်ရှ် ပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီ အလွန်က မိုးကြိုးပစ်ခဲ့ခြင်းကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူ အမြောက်အမြားရှိကြောင်း ဒေသန္တရမီဒီယာက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မည့် အစီအစဉ် ဗြိတိန်ရေးဆွဲ
ဟော်မုဒ်ရေလက်ကြားရှိ ဗြိတိသျှအလံတင်ရေနံတင်သင်္ဘောတစ်စီးကို အီရန်နိုင်ငံက ဖမ်းဆီးလိုက်ခြင်းအတွက် ပြန်လည်တုံ့ပြန်သောအားဖြင့် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်ကို ဝန်ကြီးများက ရေးဆွဲနေကြောင်း ဗြိတိန်သတင်းစာက ဆိုသည်။
ယူကရိန်း ရွေးကောက်ပွဲတွင်အနိုင်ရရှိမည်ဟု ဇီလန်စကီး ပါတီ မျှော်လင့်
ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇီလန်းစကီး၏ပါတီသည် ယူကရိန်းနိုင်ငံ ပါလီမန်တွင် အကြီးမားဆုံးအင်အားအဖြစ် ဦးတည်နေကြောင်း ဖော်ပြထားသည်။
ဂျပန်ရွေးကောက်ပွဲပြီးနောက်ပိုင်း တောင်ကိုရီးယားစိုးရိမ်ပူပန်မှုဖြစ်လာ
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး အစိုးရသည် အထက်လွှတ်တော်ရွေးကောက်ပွဲ တွင်အနိုင်ရရှိသည့်အတွက် တောင်ကိုရီးယားနိုင်ငံအပေါ် ပိုပြီးပြင်းထန်သောရပ်တည်ချက် ဖြစ်နိုင်သဖြင့် တောင်ကိုရီးယားအစိုးရက စိုးရိမ်ပူပန်နေသည်ဟု ထင်မြင်ယူဆသည်။
တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ရေကြီးမှုများကြောင့် ၄ ဦး သေဆုံး
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီပြည်နယ်တွင် အင်အားပြင်းထန်သော မိုးသက်မုန်တိုင်းဖြစ်ပေါ်နေပြီး  ရေလွှမ်းမိုးမှုကြောင့် လူပေါင်း လေးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့သည်။ 
ဆန္ဒပြသူများက တရုတ်အစိုးရ၏ ဟောင်ကောင်အုပ်ချုပ်ရေးရုံးကို တိုက်ခိုက်
ဟောင်ကောင်ပြည်သူများသည် အငြင်းပွားဖွယ် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပေကျင်းရှိ ကိုယ်စားလှယ်ရုံးတွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။