စစ်ရေးခြိမ်းခြောက်မှုများကြောင့် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲ မြောက်ကိုရီးယား စိတ်ဝင်စားမှုမရှိ

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ စစ်ရေးခြိမ်းခြောက်မှုများ ဆက်လက်လုပ်ဆောင်နေသမျှ ကာလပတ်လုံး နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲများကို စိတ်ဝင်စားမှုမရှိဟု မြောက်ကိုရီးယားက ဆိုသည်။
ဂျပန်-အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများ သဘောတူညီမှု မရသေး
အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုများ စေ့စပ်ညှိနှိုင်းရန်အတွက် ဂျပန်နိုင်ငံဝန်ကြီးက ၄င်းနှင့် အမေရိကန်ဝန်ကြီးတို့ကြား သဘောထားကွဲလွဲမှုမှာ သဘောတူညီမှုမရှိသေးကြောင်း ပြောကြားသည်။  
တရုတ်အနောက်တောင်ပိုင်း၌ မိုးရွာသွန်းမှုများကြောင့်  ကိုးဦးသေ၊ ၃၅ ဦး ပျောက်ဆုံး
တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ် ချောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဘာတိဗက်ဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပြိုမှုများကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင်  ပြောကြားခဲ့သည်။ 
ကင်မရွန်း၏ဝေးကွာသော မြောက်ပိုင်းဒေသတွင် ခရီးသည် တစ်ဒါဇင် ပြန်ပေးဆွဲခံရ
ကင်မရွန်း၏ ဝေးကွာသောမြောက်ပိုင်းဒေသတွင် ယမန်နေ့မွန်းလွဲပိုင်းက ခရီးသည်တစ်ဒါဇင်ကို အမည်မသိသေနတ်သမားများက ပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များအရ သိရသည်။
ရေကြောင်းမစ်ရှင်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  ထပ်မံအစည်းအဝေးပြုလုပ်
အီရန်နိုင်ငံကို ထောက်လှမ်းစုံစမ်းရန်ရည်ရွယ်ပြီး ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းလုံခြုံရေးမစ်ရှင် အဖွဲ့တစ်ဖွဲ့အတွက် အစည်းအဝေးခေါ်ယူရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က ထပ်လောင်းပြောဆိုခဲ့သည်။ 
တိုကျို မသန်စွမ်းအားကစားပြိုင်ပွဲလက်မှတ် အွန်လိုင်းလျှောက်လွှာကို သြဂုတ် ၂၂ ရက်နေ့ စတင်လက်ခံမည်
ပွဲစီစဉ်သူများက ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် တိုကျိုမသန်စွမ်းအားကစားပြိုင်ပွဲ လက်မှတ်များအတွက် အွန်လိုင်းလျှောက်လွှာများကို  သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။
ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယား နိုင်ငံတို့ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုအတည်ပြု
ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယားနိုင်ငံတို့မှ ထိပ်တန်းသံတမန်များသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးဦးပါဝင်သော အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး နီးကပ်စွာလုပ်ဆောင်သွားမည်ဟု အတည်ပြုခဲ့ကြသည်။