အိန္ဒိယနိုင်ငံမှာ အကန့်အသတ်အချို့ကို ဖျက်သိမ်းပေမယ့် အသွားအလာပိတ်ဆို့မှု သီတင်းနှစ်ပတ် တိုးမြှင့်

ဘရာဇီးတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၇၂၁၈ ဦးရှိ ကူးစက်ခံရသူပေါင်း ၈၅၃၈၀ ဦးရှိလာ

ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ပိတ်ထားတဲ့အတွက် အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ လုပ်သား ၃.၈ သန်းက  အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းခံ

အသက် ၁၀၀ ပြည့်မွေးနေ့ရှင် ဒုတိယကမ္ဘာစစ်ပြန်ကြီး အား လေတပ်ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြု

ဂျပန်နိုင်ငံမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေကို တိုးမြှင့်ဖို့ရှိနေ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် အရေးပေါ်အခြေအနေကို နောက်တစ်လတိုးဖို့ရှိကြောင်း ဒေသတွင်းသတင်းစာတွေမှာ ဒီကနေ့ ရေးသားထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့သူမရှိတဲ့ ပထမဦးဆုံးနေ့အဖြစ် မှတ်တမ်းတင်နိုင်
တောင်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လကျော်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ ရှိခဲ့ပေမယ့် ဒီနေ့(ကြာသပတေးနေ့)မှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိကြောင်း သိရပါတယ်။