၀န်ကြီးချုပ်ဖြစ်လာလျှင် ဘရီးဇစ်ဥပဒေကို ဟန့်တားထားနိုင်မည်ဟု ဘောရစ်ဂျွန်ဆင် ပြောကြား
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ နေရာကိုရရှိမည့်သူအဖြစ် တစ်ပြေးနေသည့် ဘောရစ်ဂျွန်ဆင်သည် ၄င်းအနေဖြင့် ဥရောပသမဂ္ဂက ပိုမိုကောင်းမွန်သည့် ရုပ်သိမ်းရေး အချိန်ကာလတစ်ခုကို သဘောတူညီမည့်အချိန်အထိ ဗြိတိန်၏ ဘရီးဇစ် ဥပဒေကြမ်းကို ဟန့်တားထားနိုင်လိမ့်မည်ဖြစ်ကြောင်း ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။






