ကိုလံဘီယာ အရှေ့မြောက်ဘက် တိုက်ခိုက်မှုဖြစ်ပွား စစ်သား နှစ်ဦးသေဆုံး ၊ ရှစ်ဦး ဒဏ်ရာရ
ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ဘက်ဒေသတွင် စစ်တပ်ကင်းလှည့်စဉ် တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်သားနှစ်ဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာ စစ်တပ်က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။



