ဂျပန် အိုလံပစ် အားကစားပြိုင်ပွဲတွင် နာရီတာလေဆိပ်၌ လုံခြုံရေး စက်ရုပ်များ အသုံးပြုမည်

နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်းက တိုကျိုမြို့အနီး ချီဘားစီရင်စုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုံခြုံရေးကင်းလှည့်ရန်အတွက် စက်ရုပ်အသစ် လေးရုပ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ဒေသခံမီဒီယာက ယနေ့သတင်းဖော်ပြခဲ့သည်။
ကွယ်လွန်သူ ဂျွန်မက်ကိန်းနာမည်ကို ထရန့်မမြင်လို
ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျပန်နိုင်ငံကို အလည်သွားရောက်ရာ ဂျပန်နိုင်ငံမှာ ကျောက်ချထားတဲ့ ကွယ်လွန်သူ လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ နာမည် ပါတဲ့ USS မက်ကိန်း အမည်ကို ထရန့်ရဲ့ မြင်ကွင်းမှာ မရှိစေရန် အိမ်ဖြူတော်က မေတ္တာရပ်ခံခဲ့ကြောင်း အမေရိကန် သတင်းဌာန Wall Street ဂျာနယ်က မေ ၂၉ ရက်နေ့က ဖွင့်ချလိုက်ပါတယ်။ 
အထူးစုံစမ်းရေးမှူးမူလာရဲ့ အစီရင်ခံစာ ထွက်လာပြီး ဒီမိုကရက်ပါတီဝင်တွေက သမ္မတ နှုတ်ထွက်ပေးဖို့ ပိုပြီး တောင်းဆိုလာ
၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲ ရုရှားဝင်ရောက်စွပ်ဖက်မှုရှိမရှိကို လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ရောဘတ်မူလာက စုံစမ်းစစ်ဆေးနေရာ လက်ရှိသမ္မတကို အရေးယူဖို့ ကြိုးစားခဲ့ခြင်း မရှိဘူးသေးတာခြင်းဟာ သမ္မတထရန့်အနေနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိဆိုတာကို မပြောနိုင်ကြောင်း မနေ့က မူလာက ပြောကြားလိုက်ပါတယ်။ 
အီဂျစ်နိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်သမားကို လစ်ဗျားနိုင်ငံ လွှဲပြောင်း
လစ်ဗျားနိုင်ငံသည် အီဂျစ်နိုင်ငံ၏ အလိုအရှိဆုံး အကြမ်းဖက်သမားများအနက် တစ်ဦးဖြစ်သူ ဟီရှင်အယ်အက်ရှ်မာဝီကို အီဂျစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသန္တရမီဒီယာများက ယနေ့ရေးသား ဖော်ပြခဲ့သည်။
ဒင်းညုမြစ်အတွင်း သင်္ဘောတစ်စင်း တိမ်းမှောက်၊ တောင်ကိုရီးယားခရီးသွား ၇ ဦး သေဆုံး 
ဟန်ဂေရီနိုင်ငံ ဒင်းညုမြစ်အတွင်း တောင်ကိုရီးယားနိုင်ငံသားများ လိုက်ပါလာသည့် ရှုခင်းလှည့်ပတ်ကြည့်ရှု့သည့် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၂၁ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။
မလေးရှားနိုင်ငံကို တင်ပို့လိုက်တဲ့ ပလပ်စတစ်အမှိုက်များကို တင်ပို့ရာနိုင်ငံတွေဆီ ပြန်ပို့မယ်
မလေးရှားနိုင်ငံကို တင်ပို့လိုက်တဲ့ ပလပ်စတစ်အမှိုက်တန်ပေါင်း ၄၀ဝ ကျော်ကို တင်ပို့ရာနိုင်ငံတွေဆီ ပြန်ပို့မယ်။ မလေးရှားနိုင်ငံဟာ ကမ္ဘာ့အမှိုက်ပုံ မဟုတ်ဘူးလို့ မနေ့က မလေးအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ 
တရုတ်အမေရိကန် ကုန်သွယ်စစ်ရဲ့ နောက်ဆုံးလက်နက်ဖြစ်လာတဲ့ ရှားပါးသတ္တု

၂၉ မေ