အမေရိကန်နိုင်ငံ၌အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးများအား ဖိုက်ဇာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံကြရန် အမေရိကန်စီဒီစီ အကြံပြု
အမေရိကန်နိုင်ငံတွင် အသက် ငါးနှစ်မှ ၁၁ နှစ်ကြား အရွယ်ကလေးများအား ဖိုက်ဇာ-ဘိုင်အိုန်တက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံကြရန် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ( အမေရိကန်စီဒီစီ )က ယမန်နေ့က အကြံပြုခဲ့သည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၂၄ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၂၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၄၈၅၄၁၉ ဦး အထိ ရှိလာသည်ဟုကျန်းမာရေးဝန်ကြီးဌာက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၅၉ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၅၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၁၃၁၈၂၂ ဦး အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်အရ သိရသည်။
တူနီးရှားကမ်းလွန်၌လှေနစ်မြုပ်သဖြင့် ရွှေ့ပြောင်းနေထိုင်သူ လေးဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံး 
တူနီးရှားနိုင်ငံ၏ အရှေ့ဘက်ကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးတင်ဆောင်လာသော လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူလေးဦးသေဆုံးကာ အခြား ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု .................
ဆီးရီးယားရွှေ့ပြောင်းနေထိုင်သူ ၁၁၃၀၀၀ ကျော် တူရကီရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိ
တူရကီရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသော ဆီးရီးယားနိုင်ငံသား ၁၁၃၀၀၀ ကျော်ရှိကြောင်း တူရကီ ရွှေ့ပြောင်းနေထိုင်ရေး အရာရှိတစ်ဦးက မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သမီးဖြစ်သူ အက်ရှ်လေဘိုင်ဒင်နှင့် ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သမီးဖြစ်သူ အက်ရှ်လေဘိုင်ဒင်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း အိမ်ဖြူတော်က မေ ၁၈ ရက်တွင် ပြောကြားသည်။