ဇင်ဘာဘွေနိုင်ငံ၌ ခရီးသွားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံပြီးပါက ပီစီအာစစ်ဆေးမှု လက်မှတ်ပြရန်မလို
ဇင်ဘာဘွေနိုင်ငံအစိုးရက နေရပ်သို့ပြန်လာသူများနှင့် ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက ကိုဗစ်ရောဂါကင်းစင်ကြောင်း ပီစီအာစစ်ဆေးမှုလက်မှတ်ပြသရန် မလိုအပ်တော့ဟုဆိုကာ ယမန်နေ့ကပြောကြားသည်။



