ဗိုင်းရပ်စ်ရောဂါပိုး ထိန်းချုပ်ရေး မသေချာသေးတဲ့အတွက် ကမ္ဘာ့ရွှေဈေး တက်နေ

ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး မသေချာသေးတဲ့အတွက် ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,ဝဝဝ ကျော် အထိ ရောက်ရှိနေတာကို တွေ့ရပါတယ်။ 
ပြင်သစ် တက္ကသိုလ်တွေ ပြန်ဖွင့်ချိန်မှာ မျက်နှာဖုံး ဝတ်ဆင်ကြဖို့ အကြံပြုမယ်လို့ ပညာရေးဝန်ကြီး ပြောကြား
ပြင်သစ်နိုင်ငံက တက္ကသိုလ်တွေဟာ စက်တင်ဘာလမှာ ပြန်ဖွင့်ရန် ပြင်ဆင်ထားပြီး ကျောင်းသူ၊ ကျောင်းသားတွေကို မျက်နှာဖုံး ဝတ်ဆင်ကြဖို့ အကြံပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားပါတယ်။
စပိန်နိုင်ငံမှာ သီတင်းတစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၀,ဝ၀ဝ နီးပါး ရှိပေမယ့် ဒုတိယလှိုင်း မဟုတ်ကြောင်း ငြင်းဆို
စပိန်နိုင်ငံမှာ အခုရက်ပိုင်း အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သိသိသာသာ များပြားနေပေမယ့် ကျန်းမာရေး ဝန်ကြီးက ဒါဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်း မဟုတ်ကြောင်း ကြာသပတေးနေ့က ငြင်းဆိုလိုက်ပါတယ်။
ဘေရွတ်မြို့တော် ပေါက်ကွဲမှုနှင့် ဆက်စပ်သည့် သံသယရှိသူ ၁၆ ဉီးကို ဖမ်းဆီး ထိန်းသိမ်းထား
အင်္ဂါနေ့ အတွင်းက ဘေရွတ်မြို့တော်တွင် ဖြစ်ပေါ်ခဲ့သည့် အကြီးအကျယ် ပေါက်ကွဲမှုနှင့် ဆက်စပ်သည့် သံသယရှိသူ ၁၆ ဉီးကို ဖမ်းဆီးခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်များက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေတဲ့ နိုင်ငံအချို့မှ ဗြိတိန်နိုင်ငံကို လာရောက်မယ့် ခရီးသွားများအား သီးသန့် ခွဲခြား နေထိုင်ရန် ပြန်လည်ပြဋ္ဌာန်း
ဗြိတိန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု များနေတဲ့ ဘယ်လ်ဂျီယံ၊ ဘဟားမား နဲ့ အန်ဒိုရာ နိုင်ငံတွေကနေ လာရောက်မယ့် သူတွေကို သီးသန့် ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ရန် ကြာသပတေးနေ့က ပြန်လည် ပြဋ္ဌာန်းလိုက်ကြောင်း သိရပါတယ်။
ရေဘေးသင့် ကျေးရွာသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် သွားရောက်စစ်ဆေး
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြင်းထန်သော ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် နေရာများကို စောင့်ကြည့်ခဲ့ပြီး  ထောက်ပံ့ရေးပစ္စည်း ပေးအပ်ခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြားသည်။
ဘေကျင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်ဦး ထပ်မံတွေ့ရှိ
တရုတ်နိုင်ငံ ဘေကျင်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ဦး ထပ်မံတွေ့ရှိကြောင်း မြူနီစီပယ် ကျန်းမာရေး ကော်မရှင်က ယနေ့တွင် ပြောကြားခဲ့သည်။