ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူး၌ အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပွား၊ ရှစ်ဦးထက်မနည်း သေဆုံး
ဆိုမာလီနိုင်ငံ၏ မြို့တော်မိုဂါဒစ်ရှူး၌ အသေခံဗုံးပေါက်ကွဲမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ရာ ရှစ်ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။