တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ထိုးနှံခဲ့ကြောင်း သိရသည်။