တပ်ကုန်းမြို့၌  ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက တပ်ကုန်း ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ကြောင်း သိရသည်။
သထုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီးရှိ လူနာစောင့်များနားနေဆောင်၌ ပြုလုပ်ခဲ့သည်။
မကွေးဆေးရုံ၌ ကျမ်းမာရေးဝန်ထမ်း ၇၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုး​နှံပေး
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း ၇၇၇ ဦးကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်​ပြည်နယ် အမ်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် ဇန်နဝါရီလ (၂၇) ရက် နံနက် ၉ နာရီက ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံလျှက် ရှိကြောင်း သိရသည်။
COVID-19 ကာကွယ်ဆေးများ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ရောက်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လွှဲပြောင်းလက်ခံ
အိန္ဒိယနိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး(အလုံးရေ တစ် ဒသမ ငါးသန်း)အနက် မန္တလေးတိုင်းဒေသကြီးအတွက် လျာထားသော ကာကွယ်ဆေးများအား Air KBZ လေယာဉ်ဖြင့်  သယ်ဆောင်လာရာ ဇန်နဝါရီလ ၂၇ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်သည်။
မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးရုံအခြေပြု ပထမအကြိမ်စတင်ထိုးနှံ
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ လတ်တလောအသက်ရှူလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီး၌  စုရပ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။