တရုတ်နိုင်ငံမှ မြန်မာ့ရေထွက်ကုန်များကို ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်ပါမှသာ တင်သွင်းခွင့်ပြုမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Animal and Plant Quarantine of the General Administration of Customs of China-GACC) မှ ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ အကြောင်းကြားလာကြောင်း သိရသည်။