လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ စတင်ထိုးနှံပေးသည်။
ကော့သောင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
ကော့သောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား အိန္ဒိယနိုင်ငံအစိုးမှ ချစ်ကြည်ရင်းနှီးမှုဖြင့်ပေးအပ်သော  COVISHIELD/Astrazeneca ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား   Covid-19 ကာကွယ်ဆေး ထိုးနှံပေး
မြန်မာ-ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် Covid-19 ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

 ကိုဗစ် - ၁၉ ကာကွယ်ဆေး သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး
မွန်ပြည်နယ်   မော်လမြိုင်ခရိုင်  သံဖြူဇရပ်မြို့နယ်တွင်   ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့  နံနက်   ၉  နာရီမှစတင်ကာ  မြို့နယ်ပြည်သူ့ဆေးရုံ  အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း စတင်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံဝင်းအတွင်းရှိ သားဖွားသင်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး