စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာဟုမ္မလင်းမြို့ အဝင်အထွက် နောင်ပိုအောင်၊ နမ့်တောသွားသည့် ကားလမ်းဂိတ်၊ ဟုမ္မလင်းချင်းတွင်းတံတားဂိတ်၊ ဟုမ္မလင်းမြို့နယ် ညောင်သာကျေးရွာ အဝင်ဂိတ် (၃)ဂိတ်များတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလားနေမှုများကို နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။