မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပျံကျဈေးတည်နေရာ ယာယီပြောင်းရွှေ့
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပျံကျဈေးသည်များကို ယနေ့ဧပြီ ၂၀ ရက်နေ့မှစ၍ သိန်းသန်းချီအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ သွားသည့် ကွန်ကရစ်လမ်းမကြီးတစ်လျှောက်၌ ယာယီ ရောင်းချရန် ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။