လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ လူသွားလူလာများသော နေရာများတွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့် ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။