မိုင်းကိုင်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်း နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်  စည်ပင်သာယာဈေးအတွင်း ယနေ့ မဟာသင်္ကနြ်အတက်နေ့ ဧပြီ ၁၆ ရက်နေ့၌ ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် မိဘပြည်သူများ၊ ဈေးသူဈေသားများအား အသိပညာပေးကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။
ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလှည့်လည်ဆော်သြခြင်းနှင့် မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာသူများ၏ ကျန်းမာရေးစစ်ဆေးခြင်းကို ဧပြီ ၁၆ ရက်က ဒေသဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ်များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြတွင် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်တုန့်ပြန်ရေးကော်မတီက နှာခေါင်းစည်းမတပ်သူများအား ပညာပေးဆောင်ရွက်နေ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် မြို့နယ်  ကိုရိုနာဗိုင်းရပ် အရေးပေါ်တုန့်ပြန်ရေးကော်မတီက လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ အသိပညာပေးကာလအတွင်း ဒဏ်ငွေသဘောဖြင့် Mask တစ်ခုတပ်ဆင်ပေးကာ ငွေကျပ် ၅၀ဝ ဖြင့် ဒဏ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကြီးကြပ်မှုကော်မတီရုံးခန်းသို့ အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကြီးကြပ်မှူကော်မတီရုံးခန်းသို့  ဧပြီ ၁၅ ရက်နေ့က အလှူရှင်အသီးသီးမှ အလှူငွေများ လာရောက်လှူဒါန်းမှု ပြုလုပ်ပေးကြကြောင်း သိရသည်။
နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ၌  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး PPE ဝတ်စုံနှင့် Face Mask များ ပေးအပ်လှူဒါန်း
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး PPE ဝတ်စုံနှင့် Face Mask များ ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့်  စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း   
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့်  စားသုံးကုန်ပစ္စည်းများကို  ယနေ့နံနက် ၈ နာရီက ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးကော်မတီရုံးခန်းမ၌  ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။ 
ကျောက်တံတားမြို့နယ်အတွင်း မဖြစ်မနေသွားလာကြသည့် ပြည်သူများနှင့် အငှားယာဉ်မောင်းများအား နှာခေါင်းစည်းများ ဝေငှ
ကျောက်တံတားမြို့နယ်အတွင်း ရှိလမ်းမများတွင် ဧပြီ ၁၅ ရက်နေ့က နံနက်ပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းသို့ မဖြစ်မနေသွားလာကြသည့်ပြည်သူများ၊ အငှားယာဉ်မောင်းသူများတွင် နှာခေါင်းစည်း တပ်လာခြင်းမရှိပါက mask များတပ်ဆင်ပေးခြင်း၊ ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းတပ်ဖွဲ့များ၊ ရပ်မိရပ်ဖများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ လမ်းမများပေါ် တွင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။