COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု နှင့်ပတ်သက်၍ ကာကွယ် တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀,ဝ၀ဝ (အမေရိကန်ဒေါ်လာ ငါးသောင်း) အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၁၀-၄-၂၀၂၀ ရက်၊ နံနက် ၁၀:ဝ၀ နာရီအချိန်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung မှ အဆိုပါလှူဒါန်းငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းမှ လက်ခံရယူခဲ့ပါသည်။