Quarantine Center မှ ပြန်ကြမည့်သူများ လိုက်နာရမည့်အချက်များအား အသိပညာပေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် Quarantine Centerတွင် အသွားအလာကန့်သတ်မှုခံယူခြင်း (၁၄)ရက် ပြည့်မြောက်ပြီးနောက် မိမိအိမ်သို့ ပြန်ကြမည့်သူများ လိုက်နာရမည့်အချက်များအား အသိပညာပေးခြင်းကို ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းက လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။