ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် လက်ဆေးဘေစင် ၂၂ ခု ထားရှိ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လူစည်ကားသော နေရာများ၊ ရောဂါထိန်းချုပ်ကာကွယ်ရေးစခန်းများ၊ ကျေးလက်ဈေးများနှင့် ထင်ရှားသည့် ဘာသာရေးအဆောက်အဦးနေရာများတွင် အလွယ်တကူလက်ဆေးနိုင်ရန် ခွင့်ပြု ရန်ပုံငွေကျပ် ၃ ဒသမ ၂၅ သန်းဖြင့် လက်ဆေးဘေစင် ၂၂ ခုကို ထားရှိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှလှူဒါန်းသည့် လူနာတင်ယာဉ်(၁)စီးအား ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတိုက်နယ်ဆေးရုံသို့ လွှဲပြောင်းပေးအပ်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် လှူဒါန်းသည့် လူနာတင်ယာဉ်တစ်စီးအား သီကီးရ်တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲအချိန်က အဆိုပါတိုက်နယ် ဆေးရုံ၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟားခါးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့်ဝန်ထမ်းများ၊ သီကီးရ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် Lock Down ပြုလုပ်သော ကပ်တဲလ်ကျေးရွာသို့ ချင်းပြည်နယ်အစိုးရနှင့် KMSS အဖွဲ့အစည်းမှ ဒုတိယအကြိမ် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့
ကိုဗစ်-၁၉ ရောဂါကြောင့် Lock Down ပြုလုပ်ထားသော ကပ်တဲလ်ကျေးရွာအတွက် ချင်းပြည်နယ်အစိုးရနှင့် KMSS အဖွဲ့အစည်းမှ ဒုတိယအကြိမ်ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများအား တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်နှင့်အဖွဲ့က ကပ်တဲလ်ကျေးရွာသို့ ယမန်နေ့က သွားရောက်ပေးအပ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး  အထောက်အကူပြု  လက်ဆေးဘေစင်များ   တပ်ဆင်လှူဒါန်း 
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ နိုင်ငံရပ်ခြားနှင့် ပြည်တွင်းမှမိမိဒေသသို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်များအား ထားရှိသည့်  အသွားအလာကန့်သတ်ထားသောနေရာများနှင့် ကျေးရွာ၌ အသွားအလာများသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြုလက်ဆေး ဘေစင်တပ်ဆင်ပေးခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာ(၃၀) သတ်မှတ်ထားပြီး   ဧပြီ ၆ ရက်တွင် ကျေးရွာ ၇ နှင့် ဧပြီ ၇ ရက်နေ့တွင် ၈ ရွာအား လက်ဆေးဘေစင်များ တပ်ဆင်ဆောင်ရွက်ပေးခဲ့သည်။ 
ဇီဝိတဒါနသံဃာဆေးရုံကြီးသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ငွေကျပ် သိန်း ၃၀ ကျော် တန်ဖိုးရှိ ပစ္စည်းများလှူဒါန်း
စုစုပေါင်း တန်ဖိုးငွေကျပ် ၃,ဝ၀၄,၈၀ဝ တန်ဖိုးရှိ PPE ဝတ်စုံများ၊ Mask, Hand Gel (500) ML, သူနာပြုဝတ်စုံ၊ အပူချိန်တိုင်းကိရိယာ၊ Yum Yum အသင့်စားခေါက်ဆွဲနှင့် အခြေခံစားသောက်ကုန်များ စသည်တို့ သွားရောက်လှူဒါန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (PPE) ဝတ်စုံ ၁၅ စုံ၊ နှာခေါင်းစည်း ၂၀ဝ ခု အပူချိန်တိုင်းကိရိယာတစ်ခု လာရောက်လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းသို့ ထိုင်းနိုင်ငံမှ နေရပ်ပြန်ရောက်ရှိလာသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရန် ကန့်သတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည်
မြို့တော် ဂျကာတာသည် အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးဖြစ်ပွားသောသော နေရာဖြစ်သဖြင့် ထပ်မံကူးစက်မှုကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်သည်။