နေပြည်တော် သတင်းစာတိုက်များနှင့် ဝန်ထမ်းအိမ်ရာများ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုစေရန် ပိုးသတ်ဆေးများ ပက်ဖျန်း
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း လက်အောက်ရှိ သတင်းစာတိုက် ဝန်ထမ်းအိမ်ရာများတွင် ဧပြီ ၆ ရက် နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန် ပိုးသတ်ဆေးများပက်ဖျန်းပေးခဲ့သည်။