ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ UMFCCI မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များအတွက် အလှူငွေကျပ် သိန်း (၁၀၀၀) မတည်လှူဒါန်းထားသော ရန်ပုံငွေသို့ အသင်း အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ပါဝင်လှူဒါန်းလာရာ စတုတ္ထအကြိမ်မြောက် ရန်ပုံငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ က အဆိုပါအသင်းချုပ်၌ ကျင်းပခဲ့သည်။