ချမ်းမြသာစည်မြို့နယ် မြနန္ဒာဈေးအတွင်း ပိုးသတ်ဆေးများဖျန်းပေး
ချမ်းမြသာစည်မြို့နယ် မြနန္ဒာဈေးအတွင်း မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးများ ဖျန်းခြင်းလုပ်ငန်းကို မတ် (၃၁)ရက် ညနေ ၅နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်သည်။ 
Quarantine ဝင်ရသူများအတွက် "စောစောပြော" Mobile App ရေးဆွဲ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် နည်းပညာရှင် လူငယ်ကိုထူးမြင့်နောင် (Technomation) တို့ ပူးပေါင်းပြီး Quarantine လုပ်သူများအတွက် "စောစောပြော" Mobile App ကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရ
နမ့်ဆန်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အလှူငွေနှင့် နှာခေါင်းစည်း(Mask)များ လှူဒါန်း
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်−၁၉ ထိန်းချုပ်ကာကွယ်ကုသနိုင်ရေးအတွက် အလှူငွေနှင့် Mask များကို ယနေ့နံနက် ၉ နာရီက အလှူရှင်များက မြို့နယ်ကုသရေး ဦးစီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ပူတာအိုခရိုင်၌ စောင့်ကြည့်လူနာများထားရန်နေရာနှင့် ဆေးရုံများရှိ အထူးကြပ်မတ်ဆောင်နေရာများအတွက် ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်း ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း Facility Quarantineနှင့် Isolation Hospital များအတွက် ပြင်ဆင် ထားရှိမှုများကို ပူတာအိုခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကွင်းဆင်းစစ်ဆေးခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တတိယအကြိမ် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး  လမ်းမတော်မြို့နယ်၌ UMFCCI မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နှင့် ကုသ ရေးလုပ်ငန်းစဉ်များအတွက် အလှူငွေကျပ် သိန်း (၁၀ဝ၀) မတည်လှူဒါန်းထားသော ရန်ပုံငွေသို့ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ပါဝင်လှူဒါန်းလာရာ တတိယအကြိမ်မြောက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့တွင် UMFCCI အသင်းချုပ်၌ ကျင်းပခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀၇ ဦး ရှိလာ
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ သုံးဦး ရှိပြီး စုစုပေါင်း ၂၀၇ ဦးရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညနေက အတည်ပြုပြောကြားခဲ့သည်။