ချီဖွေမြို့အဝင်တွင် ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန် ချီဖွေမြို့အဝင်၌ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန့်နေ့ မွန်းလွဲ ၁ နာရီက စတင်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။