ကော့သောင်းခရိုင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပင်လယ်ကျွန်းခရီးစဉ်များရပ်နားထားပြီး ခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများအားလုံး ပိတ်သိမ်းထား
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပြန့်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက် ပြန့်ပွားမှုမရှိစေရေး အမျိုးသားရေးအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း အဓိကဆောင်ရွက်လျက်ရှိသည့် ခရိုင်တစ်ခုဖြစ်သည့် ကော့သောင်းခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ပင်လယ်ကျွန်းခရီးစဉ်များ ရပ်နားထားပြီး ခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများအားလုံး ပိတ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း သိရသည်။