အင်းစိန်မြို့နယ်၊ စက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် စောင့်ကြည့်ခံရသူများထားရှိရန် သန့်ရှင်းရေးများ ဆောင်ရွက်

အင်းစိန်မြို့နယ်၊ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများထားရှိမည့် စက်မှုလက်မှု သိပ္ပံကျောင်း (GTI)တွင် ပရဟိတအဖွဲ့များ စုပေါင်း၍ ယနေ့ နံနက် ၉ နာရီက သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ ပြည်ပမှပြန်လူသူများအား နေရာ ၃၉ ခုတွင် စောင့်ကြည့်နေ
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများထဲမှ စောင့်ကြည့်ရန်လိုအပ်သူ အမျိုးသားနှင့်အမျိုးသမီးစုစုပေါင်း ၁၂၁ ဦးအား နေရာ ၃၉ ခုတွင် ခွဲခြားထားရှိ၍ စောင့်ကြည့်လျက်ရှိ
ကချင်ပြည်နယ်အတွင်း COVID-19 Quarantine လုပ်ထားသူများအား ထုတ်ပြန်ထားသည့် အမိန့် လိုက်နာခြင်းမရှိပါက အရေးယူမည်
Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ထားသူ များအနေဖြင့် သတ်မှတ်ကာလအတွင်းထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအပေါ် လိုက်နာ ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။
ကလောမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများ ယာယီပိတ်ထား
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် COVID-19 အဆုတ်ရောင် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရာများဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင် တည်ရှိသော ကလောနှီးဘုရား၊ အမှတ်(၁၀)ရပ်ကွက်တည်ရှိသော ရွှေဉမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရား တို့တွင်ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးနှင့် ရွှေပြည့်စုံဈေးများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ လူသုံးကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များ ယာယီပိတ်သိမ်းသွားမည်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရာတွင် ဈေးဝယ်စင်တာကြီးများ၌ ပြည်သူများ ဝင်/ထွက်သွားလာမှု လျော့ချကန့်သတ်နိုင်ရန် ရည်ရွယ်၍ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးနှင့် ရွှေပြည့်စုံဈေးများကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီက ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံသို့ COVID-19 ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် PPE ဝတ်စုံ(၄၃)စုံနှင့် ပိုးသတ်ဆေးရည်များ လာရောက်လှူဒါန်း

မယ်စဲ့  ၃၁  မတ် 

ဘုတလင်မြို့၊ မြို့မဈေးတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (၃) ပေအကွာမှ ရောင်းဝယ်ကြရန် နေရာသတ်မှတ်ပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဘုတလင်မြို့၊ မြို့မဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား (၃)ပေအကွာမှ ရောင်းဝယ်ကြရန် နေရာသတ်မှတ်ပေးထားကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။