ပြည်နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လာရောက်ထုတ်ယူသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လာရောက်ထုတ်ယူသူများ များပြားသည့် အားလျှော်စွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့အတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
ချင်းပြည်နယ် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့နယ် နယ်မြေခံဝန်ကြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့အတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဧပြီ ၂ ရက် နံနက် ၉ နာရီအချိန်က ဟားခါးမြို့ အဝေးပြေးကားဂိတ်နေရာ  ကားဝင်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ပစ္စည်းထားရှိရာနေရာများနှင့် ခရီးသည်ထိုင်နေရာများ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်မှူးရုံးခန်းများ အားလုံးနှင့်မြို့အဝင် ဂိတ်နေရာများကို ပိုးသတ်ဆေးများ ပက်ဖျန်း ခဲ့ကြကြောင်း သိရသည်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မိုးကောင်း)မှ မိုးကောင်းဆေးရုံအတွက် လှူဒါန်း
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မိုးကောင်း)မှ Infra red Thermometer ၁၀ ခုနှင့် Mask ၃၀ဝ လှူဒါန်း
ပြည်ပနှင့် နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ နေထိုင်သွားရန် ဆွေးနွေးမှာကြား
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်ပနှင့် နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၄)ရက်ကြာစောင့်ကြည့်၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိရာ ဧပြီ ၁ ရက် ညနေ ၄ နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စနစ်တကျ နေထိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 
လေးမျက်နှာမြို့နယ်ရှိ စားသောက်ဆိုင်များနှင့် အခြားပစ္စည်းအရောင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံပန်ကြား
ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သော ပြည်သူသို့ပန်ကြားချက်အား လေးမျက်နှာမြို့နယ်အတွင်းတွင် လိုက်လံအသိပေးနိုးဆော်ခြင်းကို ဧပြီ ၁ ရက် ညနေ ၆ နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အသံချဲ့စက်ဖြင့် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံက ရထားပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတစ်ဦး သေဆုံးနေတာ တွေ့ရှိ
ထိုင်းနိုင်ငံက အများသုံးရထားပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတစ်ဦး သေဆုံးနေတာ တွေ့ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က တာဝန်ရှိသူတွေက ပြောပါတယ်။ 
မိုးမောက်၌  PPE ဝတ်စုံ ငါးစုံနှင့် အပူချိန်တိုင်းကိရိယာနှစ်ခု လှူဒါန်းလက်ခံရရှိ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့မဈေးအရှေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ဧပြီ ၁ ရက်နေ့ နံနက် ၇ နာရီတွင် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပရာ လွယ်ဂျယ်(မ.က.ဖ)ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်က မိုးမောက်မြို့နယ်အတွက် PPE ဝတ်စုံ(၅) စုံ အပူချိန်တိုင်းကိရိယာ(၂)ခု ပေးအပ်လှူဒါန်းခဲ့သော အဆိုပါပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မေသင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။