သီတဂူစက္ခုဒါနဆေးရုံတွင် စောင့်ကြည့်ခံရသူများအားလုံး ကျန်းမာရေးကောင်းမွန်လျက် တရားဘာဝနာများ ပွားများလျက်ရှိ
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Facility Quarantine များကို နေရာ(၃၀)တွင် ထားရှိဆောင်ရွက်လျက်ရှိရာ၊ ယခုအခါ အောင်လံမြို့ ရွာထောင်ရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ပြည်တော်ပြန်(၄၂)ဦးတို့၏ ကျန်းမာရေး နေထိုင်စားသောက်ရေးတို့အပြင် တရားဘာဝနာများပွားများနိုင်ရေးတို့အတွက်ပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။