ကော့သောင်းခရိုင်မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့ရောင်းချသူများနှင့် စားသောက်ကုန် သွားရောက်ဝယ်ယူတင်သွင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်
ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကြောင့် မြန်မာထိုင်းနယ်စပ်ဒေသများမှ ကူးသန်းသွားလာမှုများ တားမြစ်ပိတ်သိမ်းထားသော်လည်း ကုန်စည်စီးဆင်းမှုမပြတ်တောက်ရေး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများအား အကန့်အသတ်ဖြင့် ဆက်လက်ဆောင်ရွက်ခွင့်ပြုထားရာ မြန်မာထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း ရေထွက်ပစ္စည်း နေ့စဉ်တင်ပို့ရောင်းချမှုအား ရောဂါထိန်းချုပ်ကာကွယ်မှု လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။