COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၄-၂၀၂၀) ရက်နေ့၊ ညနေ (၄:ဝ၀) နာရီ
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ဟိုင်းကြီးကျွန်း ဒေသခံများ စုပေါင်းတည်ဆောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့သို့ ကုန်းလမ်းမှ လာရောက်နိုင်သည့် အမှတ်(၃)ရပ်ကွက် ဧရိယာအတွင်းတည်ရှိသော မြို့အဝင်တံတားအနီးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေသခံများ စုပေါင်းဆောက် လုပ်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ်၌  ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက်  ပေါက်ချောင်းရပ်ကွက်နှင့် တောမကျေးရွာတို့ရှိ ပျံကျဈေးများတွင် အသိပညာပေး
မိတ္ထီလာမြို့ စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် ပေါက်ချောင်းရပ်ကွက်နှင့် တောမကျေးရွာတို့ရှိ ပျံကျဈေးများတွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့ မကွေးမြို့ မြင်ကွင်းပုံရိပ်များ
မကွေးမြို့ပေါ်တွင် ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်း၌ ပြည်သူများ သွားလာမှုမှာ ပိုမိုလျော့နည်းသွား
သရက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နှိုင်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မင်းတုန်းလမ်း  အ.ထ.က(၁) ရှေ့တွင် ယနေ့နံနက် ၁၀ နာရီက ခရီးသွားပြည်သူများကို  နှာခေါင်းစည်း(Mask) များပေးဝေပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားပေးခဲ့သည်။
ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လမ်းသွားလမ်းလာများအား Mask များ ဝေငှပေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ဧပြီ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန်က လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး Mask များဝေငှပေးခြင်း ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကပြောကြားသည်။