အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ မာချီလီပတ္တနမ်မြို့ (Machilipatnam)အနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပြီး အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် ကမ်းခြေတွင် ဆက်လက်တည်ရှိနေပါသည်။