ထိုင်းနိုင်ငံမှ လွှဲပို့ပေးသည့် ဖုန်းလိမ်လည်မှု သံသယရှိသူ၁၅ ဦးကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး
ဂျပန်ရဲတပ်ဖွဲ့က အကြီးစား ဖုန်းလိမ်လည်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မှ  လွှဲပို့ပေးသည့် ဖုန်းဖြင့် လိ်မ်လည်မှု  သံသယရှိသူ ၁၅ ဦးကို ယနေ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။   
အီရန်နိုင်ငံခြားရေးဝန်ကြီး  ပါကစ္စတန်သို့ နှစ်ရက်ကြာရောက်ရှိ
အီရန်နိုင်ငံခြားရေး ဝန်ကြီး  မိုဟာမက် ဂျာဗက် ဇာရဖ် သည် အမေရိကန်နိုင်ငံနှင့် အီရန် နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု ကိစ္စကို  အထူးအလေးပေးလျက် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးရန်အတွက် ယမန်နေ့နှောင်းပိုင်းက ပါကစ္စတန် နိုင်ငံသို့ နှစ်ရက်ကြာခရီး သွားရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။  
မြေပြင်မှာရပ်နားထားတဲ့ ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ်တွေ လုပ်ငန်းခွင်ပြန်ဝင်ရမယ့်ရက် ကျော်လွန်
ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ် နှစ်စင်းပျက်ကျရာ  လေယာဉ်ပေါ်ပါရှိသူ အားလုံး သေဆုံးတဲ့ အပြီးမှာ လေယာဉ်တွေ မြေပြင်မှာ ရပ်နားထားခဲ့ပါတယ်။ ရပ်နားထားတဲ့ လေယာဉ်တွေကို လုပ်ငန်းခွင်ပြန်ဝင်ရန် မေ ၂၃ ရက်က သတ်မှတ်ခဲ့ပေမယ့် ဘိုးရင်းဘက်က ဝေဟင်ကို သွားနိုင်ပြီဆိုတဲ့ အသိအမှတ်ပြုစာရွက်စာတမ်း မပေးသေးကြောင်း သိရပါတယ်။ 
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာတွင် ယခုဘဏ္ဍာနှစ်အတွင်း တိုင်းကြားမှု ၁၈၂ မှုရှိကာ ဖြေရှင်းရန် ၈၆ မှု ကျန်နေသေး
မန္တလေးတိုင်းဒေသကြီး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မန္တလေးရုံးသို့ ယခုဘဏ္ဍာနှစ်အတွင်း --------
အိန္ဒိယအထွေထွေရွေးကောက်ပွဲ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ၏ အာဏာရညွန့်ပေါင်းပါတီ အနိုင်ရ
ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ ဦးဆောင်သော အိန္ဒိယအာဏာရ ညွန့်ပေါင်းပါတီ သည် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် အသာဖြင့်  အနိုင်ရရှိကာ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန် ဝန်ကြီးချုပ်မှ မိုဒီအား ဂုဏ်ပြု
ပါကစ္စတန်ဝန်ကြီးချုပ်အပါအဝင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များက အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြန်လည် ရွေးကောက်ခံရမှုအပေါ် ချီုးကျူးဂုဏ်ပြုလျက်ရှိသည်။