ဥရောပသမဂ္ဂ (EU) လွှတ်တော်အတွက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ EU မှ ခွဲထွက်ရေး ပါတီတွေနဲ့ အမျိုးသားရေးဦးတည်တဲ့ ပါတီတွေ အနိုင်ရတာကို တွေ့ရပါတယ်။ ဥရောပသမဂ္ဂ (EU) လွှတ်တော်အတွက် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ မဲဆန္ဒပေးနိုင်သူ သန်း ၂၀ဝ ကျော်က မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၅၁ ရာခိုင်နှုန်းက မဲပေးခဲ့ရာ နှစ်ပေါင်း ၂၀ အတွင်း မဲပေးသူအများဆုံး ရွေးကောက်ပွဲဖြစ်ခဲ့ပါတယ်။