ဟွာဝေးနဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်သည့် ဂျပန် ကုမ္ပဏီ Panasonic
အမေရိကန် အစိုးရက တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်မှုများ ပြုလုပ်လိုက်ပြီးနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီများဟာ ဟွာဝေးနှင့် အဆက်အသွယ် ဖြတ်တောက်လာကြရာ ယနေ့မှာလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Panasonic ကလည်း ဟွာဝေးအပေါ် အချို့အစိတ်အပိုင်းများ ထောက်ပံ့မှုကို ရပ်တန့်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဂျပန်နဲ့ ဗြိတိန် မိုဘိုင်းကုမ္ပဏီကြီး လေးခုက ဟွာဝေးရဲ့ ထုတ်ကုန်အသစ်များ ဖြန့်ဖြူးမှုကို ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာပြီးနောက်မှာ Panasonic ကုမ္ပဏီကလည်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။