ပြီးခဲ့သည့်ဆောင်းရာသီအတွင်း ကမ္ဘာလှည့်ခရီးသွား ၂ ဒသမ ၄၆ သန်း တိဘက်ဒေသသို့ လည်ပတ်ခဲ့ 

တရုတ်နိုင်ငံရှိ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြီးခဲ့သည့် ဆောင်းရာသီတွင် ကမ္ဘာလှည့် ခရီးသွား ၂ ဒသမ ၄၆ သန်း လက်ခံရရှိခဲ့ပြီး နှစ်အလိုက် ၈၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဒေသန္တရာ အာဏာပိုင်များက ပြောကြားသည်။
ဘရစ်ဇစ် နဲ့ပတ်သတ်ပြီး ဗြိတိန်နိုင်ငံသား ၁၀ ဦး မှာ ၄ ဦးက စိတ်ပူခြင်း၊ စိတ်ဆိုးခြင်း ဖြစ်နေကြောင်း လေ့လာတွေ့ရှိ 
ဗြိတိန်နိုင်ငံသား ၁၀ ယောက် မှာ ၄ ယောက် က ဘရစ်ဇစ် (Brexit) နဲ့ပတ်သက်ပြီး  စိတ်ပူခြင်း၊ စိတ်ဆိုးခြင်းတွေဟာ ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ ဖြစ်နေကြောင်း  လေ့လာချက်ကို ဒီကနေ့ (သောကြာနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Levi's ဂျင်းကုမ္ပဏီ ရှယ်ယာဈေးကွက်ပြန်ဝင်လာပြီ
အမေရိကန် Levi's ဂျင်းကုမ္ပဏီဟာ Wall Street ရှယ်ယာဈေးကွက်ထဲ ကို ၃၄ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ဝင်ရောက်လာပြီလို့ သိရပါတယ်။
အီသီယိုးပီးယားတွင် တိုက်ခိုက်မှုဖြစ်ပွား ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် ငါးဦးသေဆုံး
အီသီယိုးပီးယားနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး ထိုသေဆုံးသူများတွင် ဂျပန်နိုင်ငံသားတစ်ဦး ပါဝင်နိုင်ကြောင်း သိရသည်။
ဆေးခြောက် နေစဉ်သုံးစွဲခြင်းနှင့် စိတ်ရောဂါဟာ အကြီးအကျယ် ဆက်နွယ်နေကြောင်း လေ့လာတွေ့ရှိ
ဆေးခြောက် (THC- high) ကို စွဲစွဲလမ်းလမ်းဖြစ်လာရင် တနည်းအားဖြင့် နေ့စဉ်သုံးစွဲခဲ့ပါက ဆေးခြောက်သုံးစွဲခြင်းနှင့် စိတ်ကစဉ့်ကလျား ရောဂါများဖြစ်တဲ့ စကင်ဆိုဖေးနီးယားနဲ့ ပါရာနိုယား ရောဂါဖြစ်နိုင်ခြင်းတို့ဟာ အကြီးအကျယ် ဆက်နွယ်နေကြောင်း ပညာရှင်များ က The Lancet Psychiatry ဂျာနယ်မှာ ရေးသားထား လိုက်ပါတယ်။ 
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား တွင် တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ် သုံးဦးသေဆုံး
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) ၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် သုံးဦးကို ပစ်ခတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့တာဝန်ရှိသူ ဟရင်ဒါ ကူမား က မီဒီယာကို ပြောကြားခဲ့သည်။
ဂျပန်တွင် ပြည်တွင်းရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေး စတင်ပြုလုပ်
ဂျပန်နိုင်ငံတွင် စီရင်စုနယ် အုပ်ချုပ်ရေးမှူးများ အဖြစ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည်  လာမည့် ဧပြီလ ရွေးကောက်ပွဲမတိုင်မီ  ၎င်းတို့၏ စည်းရုံးလှုံ့ဆော်မှုများကို လမ်းများပေါ်ထွက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။