သမ္မတရွေးကောက်ပွဲအနိုင်ရရှိရန် လမ်းကြောင်းပေါ်ရောက်နေကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးပြော

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝူဆူဘီရန်တိုက ၎င်းသည် ဗုဒ္ဓဟူးနေ့ သမ္မတရွေးကောက်ပွဲ တွင်  အနိုင်ရရန် လမ်းကြောင်းပေါ်ရောက်နေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တခြား ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း  နှစ်ဦးက ရွေးကောက်ပွဲရလဒ်သည် လုံးဝရှင်းရှင်းလင်းလင်း  မရှိသေးကြောင်း ပြောကြားခဲ့သည်။