ဖိလစ်ပိုင်နိုင်ငံ၌မြေပြိုမှုဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံး၊ ၄၆ ဦး ပျောက်ဆုံးလျက်ရှိ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်ရှိ ဒေသများတွင် ယမန်နေ့ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရွှံ့မြေနှင့်ကျောက်တုံးကျောက်ဆောင်များအောက် လူခြောက်ဦးနစ်မြုပ်သေဆုံးနေသည်ကို ကယ်ဆယ်ရေးသမားများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်အစိုးရက ယနေ့တွင်ပြောကြားသည်။