လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေ ၅၂၀၀၀ ကျော်ရှိလာ
လာအိုနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၁၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၂၁၇၅ ဦးအထိ မြင့်တက်လာသည်ဟု လာအိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။