အစ္စရေးနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ခွင့်ပြု
အစ္စရေးကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နာ့ခ်မန် အက်ရှိသည် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် ကျွမ်းကျင်သူအဖွဲ့၏ အကြံပြုချက်ကို နိုဝင်ဘာ ၁၄ ရက်က ထောက်ခံချက်ပေးခဲ့သည်။