အိုင်ယာလန်မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးနေ့တွေမှာပါ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရေး စည်းကမ်းတွေ ချမှတ်ထား

အိုင်ယာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု တားမြစ်ရေး စည်းကမ်းသစ်တွေကို ဒီဇင်ဘာ ၂၅ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်ထိ ပြဋ္ဌာန်းကြောင်း  ဝန်ကြီးချုပ်က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယား နှင်းလျှောစီး အပန်းဖြေ စခန်းများနှင့် အခြားနေရာများကို အားလပ်ရက်များအတွင်းပိတ်ထားမည်
တောင်ကိုရီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်မားလာသဖြင့် နိုင်ငံအတွင်းရှိ နှင်းလျှောစီး အပန်းဖြေစခန်းများနှင့် ခရီးသွားများအား ဆွဲဆောင်ထားသည့် အခြားသော နေရာများကို ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များအတွင်း ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံက ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်တွေ့ရှိတဲ့အတွက် နှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားရာကနေ ပြန်ဖွင့်ပေး
ပြင်သစ်နိုင်ငံက ဗြိတိန်နိုင်မှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်တွေ့ရှိတဲ့အတွက် နှစ်နိုင်ငံ ဆက်သွယ်ရေး လမ်းကြောင်း တွေ ယာယီ ပိတ်ထားရာကနေ ဗုဒ္ဓဟူးနေမှာ ပြန်ဖွင့် ပေးမယ်လို့ အင်္ဂါနေ့က ကြေညာပါတယ်။
မက္ကဆီကို နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ရောက်ရှိ
မက္ကဆီကို နိုင်ငံကို Pfizer-BioNTech ဆေးကုမ္ပဏီတို့ကနေ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ပထမအသုတ်ကို ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ရောက်ရှိမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘတ်က အင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဗြိတိန်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားများအား ကန့်သတ်ချက်များ တင်းကြပ်ရန် ဂျပန် စီစဉ်
ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်မျိုး ပျံ့နှံ့နေမှုကြောင့် ဗြိတိန်မှ ဝင်ရောက်လာသည့် ခရီးသွားများအပေါ် အထူး ကန့်သတ်မှုများ ပိုမိုတင်းကြပ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။ 
အိန္ဒိယနိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံ ပေါက်ကွဲမှုကြောင့် နှစ်ဉီးသေ၊ ၁၅ ဉီး ဒဏ်ရာရ
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒေ့ရှ်ပြည်နယ်ရှိ ဓာတ်မြေဩဇာစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူနှစ်ဉီး သေဆုံးခဲ့ပြီး၊ ၁၅ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း  ဒေသန္တရ ရဲအရာရှိတစ်ဉီးက ယနေ့၌ ပြောကြားခဲ့သည်။