ဉရောပ သမဂ္ဂ က ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား အသုံးပြုခွင့်ပေးရန် ဂျာမနီ တိုက်တွန်း

ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု များနေတဲ့အတွက် ဉရောပသမဂ္ဂကနေ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး အသုံးပြုခွင့်ပေးရန်  တိုက်တွန်းထားကြောင်း ဒီနေ့(အင်္ဂါနေ့) ထုတ် သတင်းတွေအရ သိရပါတယ်။
အာဖဂန်နစ္စတန်တွင် ပစ်ခတ်မှုဖြစ်ပွား ရဲအရာရှိ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့အစောပိုင်းက ဒေသရုပ်သံလိုင်း တစ်ခုတွင် ဖော်ပြခဲ့သည်။
ဆရာ၊ ဆရာမတွေဟာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဦးစားပေး ရရှိသူဖြစ်သင့်ကြောင်း UNICEF ပြောကြား
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကျောင်းဆရာ၊ ဆရာမတွေဟာလည်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဦးစားပေးရရှိသူများ အဖွဲ့မှာ ပါဝင်သင့်ကြောင်း ဒီနေ့ (အင်္ဂနေ့) မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
လန်ဒန်အား ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး အမြင့်ဆုံး စည်းမျဉ်းစည်းကမ်း အဆင့် ၃  အတွင်း ထည့်သွင်းကြောင်း သိရ
ဗြိတိန်ရဲ့ မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုနှုန်းဟာ မြင့်မားနေတဲ့အတွက် ဗုဒ္ဓဟူးနေ့ကစပြီး ရောဂါပိုး ထိန်းချုပ်ရေး အမြင့်ဆုံး စည်းမျဉ်းဖြစ်တဲ့ အဆင့် ၃ အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကျန်းမာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားပါတယ်။
စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ဇန်နဝါရီလတွင် စတင်ထိုးနိုင်မယ်လို့  ကျန်းမာရေးဝန်ကြီး ပြောကြား  
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးကို ဇန်နဝါရီ ၄ ရက် ဝန်းကျင်မှာ စတင်ထိုးနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျပန် တစ်နိုင်ငံလုံးအနှံ့ ခရီးသွားလှုပ်ရှားမှု ဆိုင်းငံ့ထားမည်
ဂျပန်ဝန်ကြီးချုပ် ဆူဂါ က အစိုးရ အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း ခရီးသွားလှုပ်ရှားမှုကို ယာယီဆိုင်းငံ့ထားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။