ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကိုဖြေရှင်းဖို့ ပဉ္စလက်ကျည်ဆန်မဟုတ်

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့နေရာတွေမှာ ရေအလုံအလောက်မရှိခြင်းဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုအတွက်  စိုးရိမ်စရာဖြစ်လာကြောင်း WHO ပြောကြား

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို လီဝန်ဒေါစကီးသာ ရသင့်ကြောင်း ဘိုင်ယန်နည်းပြ ဖလစ် ရှုမြင်
ပြီးခဲ့တဲ့ ဘောလုံးရာသီ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဖလားသုံးလုံး အောင်မြင်မှုမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ခြေစွမ်းက အဓိကကျခဲ့ပြီး ဒီလို စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရဖို့ ဖီဖာက ပေးအပ်မယ့် ကမ္ဘာ့အကောင်းဆု ကစားသမားဆုကို လီဝန်ဒေါစကီးသာ ရသင့်ကြောင်း ဘိုင်ယန်နည်းပြ ဟန်စီဖလစ်က ဆိုပါတယ်။
အက်သလက်တီကိုထက် ရီးယဲလ် ပိုကောင်းခဲ့ကြောင်း ကိုကီဝန်ခံ
အက်သလက်တီကိုအသင်း ကွင်းလယ်လူ ကိုကီက မက်ဒရစ်ဒါဘီမှာ ရီးယဲလ်အသင်းက သူတို့ (အက်သလက်တီကို) အသင်းထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် အခုထိ လာလီဂါ အမှတ်ပေးဇယားကို အက်သလက်တီကိုအသင်းကသာ ဦးဆောင်ထားဆဲဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၈၈၄၁၀၀ အထိရှိလာ  
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၂၇၀၇၁ ဦးရှိရာ ယနေ့တွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၈၈၄၁၀၀ အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးရရှိသော သတင်းအချက်အလက်အရ သိရသည်။
နယူးဇီလန်-ဩစတြေးလျ အပြန်အလှန်ခရီးသွားလာခွင့် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ပြန်လည်စတင်ရန် မျှော်မှန်းထား
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က နယူးဇီလန်နဲ့ ဩစတြေးလျ အပြန်အလှန်ခရီးသွားလာခွင့်ကို ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ပြန်လည်စတင်ရန် မျှော်မှန်းထားတယ်လို့ ဒီနေ့ (တနင်္လာနေ့) မှာ ပြောကြားလိုက်ပါတယ်။