ဖီဂျီ၌ ယာဆာဆိုင်ကလုန်းကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

ဖီဂျီအစိုးရသည် နိုင်ငံအတွင်း အင်အားပြင်းအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သည့်အတွက် ရက် ၃၀ ကြာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကို ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
ပြင်သစ်သမ္မတ မက်ခရွန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
ပြင်သစ်သမ္မတ အီမာနျူအယ်လ်မက်ခရွန်သည် ကိုဗစ်ဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး သီတင်းပတ်တစ်ပတ်ကြာ သီးခြားခွဲ၍ နေရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးတော်က ယနေ့ပြောကြားသည်။
ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးပြောကြား
ဂျာမနီနိုင်ငံရှိ စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်သူ အဘိုးအဘွားများအား ဒီဇင်ဘာ ၂၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး  စတင်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံက ရှော့ပင်းမောတွေနဲ့ ဆိုင်တွေအား ဒီဇင်ဘာ ၂၅ ရက်ကနေ ဇန်နဝါရီ ၃ ရက်အထိ ပိတ်ထားရန် ဝန်ကြီးချုပ်ပြော
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့အတွက် ရှော့ပင်းမောတွေနဲ့ ဆိုင်တွေအား ဒီဇင်ဘာ၂၅ ရက် ကနေ ဇန်နဝါရီ ၃ ရက်အထိ ပိတ်ထားရန် ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၇,၀၀၀ ကျော်ရှိကြောင်း သိရ
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း  ရောဂါပိုးတွေ့ရှိသူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၇,၀၀၀ ကျော်ရှိကြောင်း  ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ၂၀၂၁ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ လက်ခံကျင်းပမည်
သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးများက ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(ဘင်းမ်စတက်) ထိပ်သီးအစည်းအဝေးကို ----------
တိုကျို ကျန်းမာရေး သတိပေးချက် အမြင့်ဆုံးအဆင့်အထိ မြင့်တက်
တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက် အမြင့်ဆုံးအထိ မြင့်တက်လာကြောင်း တိုကျိုအစိုးရက ပြောကြားသည်။