၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြို့ပင်ကောက်မြို့နယ်၌ စာစစ်ဌာနတစ်ခုတိုး၍ကျင်းပမည်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၆ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြို့ပင်ကောက်မြို့နယ်တွင် အထက(လယ်တီ) စာစစ်ဌာနတစ်ခုတိုး၍ စာစစ်ဌာန စုစုပေါင်း ၄ ခုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။