မူးယစ်တပ်ဖွဲ့စု(၉)ဟုမ္မလင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် ဖောင်းပြင်မြို့နယ်၊ မှန်ပင်ကျေးရွာအနီး ဖောင်းပြင်-ပင်လည်ဘူးသွား လမ်းမပေါ်တွင် မြင့်ငွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မင်းဇော် မောင်းနှင်ပြီး မဌေးယဉ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို ရှာဖွေရာ ဘိန်းဖြူ ၂၂၀ ဂရမ် သိမ်းဆည်းရမိခဲ့သည်။